သင်ခန်းစာများအတွက် စာရင်းသွင်းရန် အဆင်သင့်ဖြစ်ပြီလား။ အောက်ပါ ပုံစံ ကိုဖြည့်ပါ။
— ဘီအစ်ဒဘလူ မိဘ

ဘက်ဖလိုး ကြိုးအလုပ်များကျောင်း/တေးဂီတကျောင်း ဆိုတာဘာလဲ။

ကျွန်မတိုသည် ညနေခင်းအချိန်ပိုင်းတေးဂီတပရိုဂရမ်ကျောင်း ဖြစ်ပြီး၊ သင်တေးဂီတကို လေ့လာနိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော ဂီတပရိုဂရမ်ကျောင်း တစ်ခုဖြစ်သည်။

ကျန်မတို့ ဘာကမ်းလှမ်းပါသလဲ။

  • တစ်ပတ်လျှင် အခမဲ့ ဂီတသင်ခန်းစာ သုံးခု

  • တစ်နှစ်တာအတွက် အိမ်သို့ ယူပြန်နိုင်သော/ငှားရန်းလိုက်သော အခမဲ့ တယော၊ (သို့) တယောအသေး၊ (သို့) ချလို၊ (သို့) ဘေစ့်။

  • မိသားစုသဖွယ် နွေးထွေးသော ဂီတသမားများ၊ လမ်းညွှန်ပေးသူများ (သို့) နည်းပြများ၊ သူငယ်ချင်းများ။

ဘာကြောင့် ဂီတ/သီချင်း နားထောင်တာလဲ။

  • သူငယ်ချင်း အသစ်တွေနှင့်ဆုံရန်။

  • ယုံကြည်မှု နှင့် တီထွင်ဖန်တီးနိုင်စွမ်း ကိုမြှင့်တင်ပါ။

  • ဂီတ ကျောင်းသား/သူများ သည် သင်္ချာ နှင့် ဘာသာစကား အနုပညာ စာမေးပွဲများတွင် ရမှတ် ၁၄-၁၈ % ပိုမိုမြှင့် တက်နိုင်သည်။

Buffalo String Works (BSW) သည် ၎င်း၏ဂီတပညာသင်ယူခွင့်(အကျိုးခံစားခွင့်များကို) မရရှိနိုင်သော ကျောင်းသား/သူများအတွက် မြင့်မားသောအဆင့်ဂီတပညာပေးရန်အတွက် တည်ထောင်ခဲ့ပါသည်။ BSW သည် ချို့တဲ့ပြီး ငွေကြေးအရင်းအမြစ် အကန့်အသတ်ရှိသော Buffalo မြို့ရှိ ကျောင်းသားများကို ဦးစားပေးမည်ဖြစ်သည်။ အရည်အချင်းပြည့်မီမှုဆိုင်ရာ အချက်အလက်များကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

  • ကျွန်ုပ်တို့သည် ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် အတန်း ၃-၁၂  အတွင် အတန်းအတွေ့အကြုံ ရှိ နှင့် မရှိ ကျောင်းသား/သူများနှစ်မျိုးလုံးကို လက်ရှိတွင် စာရင်းသွင်းလက်ခံနေပါသည်။

  • ကျောင်းသား/သူများသည် Buffalo မြို့ရှိ ကျောင်းတစ်ကျောင်းတွင် တက်ရောက်ရမည်ဖြစ်သည်။

  • BSW သည် တစ်နှစ်လျှင် ဒေါ်လာ ၆၀,၀၀၀ အောက်ရှိသော မိသားစုများကို ဦးစားပေးပါမည်။ 

  • အခြားဝင်ရောက်ခွင့်ဆိုင်ရာ အတားအဆီးများ (သမိုင်းကြောင်းအရ အပယ်ခံလူငယ်များ၊ ကျောင်းတွင် ကိရိယာ သင်ကြားမှု မရရှိနိုင်ခြင်း စသည်) ကို တွေ့ကြုံခံစားရသော ကျောင်းသားများအား အထူးထည့်သွင်းစဉ်းစားပေးနိုင်ပါသည်။

အတားအဆီးများကို လျှော့ချရန်အတွက်၊ BSW ဝန်ဆောင်မှုများအားလုံးကို ကျောင်းသားများနှင့် ၎င်းတို့၏ မိသားစုများအား အခမဲ့ ပေးဆောင်ပါသည်။ အတန်းတက်ရန် သင့်ကျောင်းသားကို စိတ်ဝင်စားပါက အောက်ပါ link (လင့်ခ်) တွင် စိတ်ဝင်စားမှုပုံစံကို ဖြည့်ပါ။